When You Feel Like You're Not Enough

Despite all your best efforts and sacrifices, you may still suffer loss, disappointment, and broken dreams. God also knows what it is like to lose something cherished.

သင့်မေးခွန်းကို မေးပါ

ကျမ်းကိုးကားချက်များ

မျှဝေပါ
အခမဲ့ အရင်းအမြစ်များ

ကျမ်းစာကို ပိုနက်ရှိုင်းစွာ နားလည်ချင်ပါသလား?

ကျွန်ုပ်တို့၏ ကျမ်းစာလေ့လာမှုတွင် ပါဝင်ပါ

စာသားမှတ်တမ်း

Burmese (မြန်မာစာ)
သင်လိုချင်တာရှိတယ်။ ဒါ မျိုး ဘယ်တုန်းကမှ ဒီလောက်ထိ မလိုချင်ခဲ့ဖူးဘူး။ သင့်ရဲ့ လမ်းတကမ်းမှာပဲ ရှိနေတယ်။ ဂိုးတိုင်က သင်ဘောလုံးကိုကန်လိုက်တာကို စောင့်နေပါတယ်။ ပန်းတိုင်က သင့်ကို စောင့်ကြိုနေတယ် အမှတ်ပေးဇယားက သင့်ရဲ့ အောင်မြင်မှုကို ကြေညာဖို့ အဆင်သင့်ရှိနေတယ်။ ဒီအတွက် သင်လေ့ကျင့်ခဲ့တာပါ၊ ဒီအတွက် သင်ဒုက္ခခံပြီး စွန့်လွှတ်ပေးဆပ်ခဲ့တာပါ သင့် မိတ်ဆွေတွေမှာ ရှိတဲ့ ကောင်းတဲ့အရာတွေကို သင်မြင်ခဲ့ပါတယ်။ သင်ကိုယ်တိုင် ရွေးချယ်မှု ပြုခဲ့တယ်။ သင် နှစ်ခုစလုံးကို မရွေးချယ်နိုင်ပါ။ သင်ဟာ ပိုခက်ခဲ့လမ်းကို ရွေးခဲ့တယ်။ ပြီးတော့ အချိန်ကျတဲ့အခါ သင်က အဆင်သင့်ဖြစ်နေပါပြီ။ ဒီထက်ပိုပြီး အဆင်သင့်ဖြစ်နေစရာ မလိုတော့ပါဘူး။ သင့်မှာ ရှိသမျှ အရာအားလုံး ပေးခဲ့တယ်။ နောက်ပြီးတော့လည်း ထပ်ပေးတယ်။ ဒါက သင့်ရဲ့အချိန်ပါ၊ သင်တစ်သက်လုံး စောင့်မျှော်ခဲ့ရတဲ့ အချိန်ပါပဲ။ ဒါပေမယ့် တစ်ခုခုဖြစ်သွားတယ်။ တစ်ခုခုမှားယွင်းသွားတယ်။ ရုတ်တရက်ပဲ… သင့်ရဲ့ လေ့ကျင့်မှုအားလုံး၊ ဆန္ဒအားလုံး၊ သင်ဖြစ်ချင်တာတွေအားလုံး မလုံလောက်ခဲ့ဘူး။ သင်… မလုံလောက်ခဲ့ဘူး။ ပြီးတော့ သင့်ပတ်ဝန်းကျင်မှာလည်း အနိုင်ရသူတွေ၊ အောင်မြင်သူတွေ၊ နီးစပ်သူတွေ၊ အောင်ပွဲခံရသူတွေ၊ တိုးတက်နေတဲ့သူတွေ၊ အလုပ်ဖြစ်မြောက်နေတဲ့သူတွေကိုသာ ယုံကြည်တဲ့ ကမ္ဘာတစ်ခုရှိနေတယ်… ...ဒါကြောင့်ပဲ အခု သင့်အတွက် နေရာမရှိဘူးလို့ သင် ခံစားနေရတယ်။ သင်လုပ်နိုင်ခဲ့တယ်လို့ သင်ထင်ခဲ့တာ၊ တကယ်တော့ မဟုတ်ဘူး။ အခု သင်ဘယ်မှာ ရှိသင့်တယ်ဆိုတာတောင် သင်မသိတော့ပါဘူး။ ဒါပေမယ့် ဒီမှာ သင်မသိသေးတာ တစ်ခု ရှိတယ်။ ဘုရားသခင်က သင်လုပ်သမျှကို မြင်နေတယ်။ သူက အရှုံးကို သိတယ်။ အကြီးအကျယ် စိတ်ပျက်အားငယ်မှုနဲ့ ကြုံတွေ့နေရတာကိုလည်း သူသိနေတယ်။ ဆင်းရဲဒုက္ခခံစားရတာ ဘယ်လိုလဲဆိုတာ သူသိတယ်။ သူသိတယ်၊ ဘာလို့လဲဆိုတော့ သူ ကျွန်ုပ်တို့ကို ဆုံးရှုံးခဲ့ဖူးလို့ ဖြစ်တယ်။ အဲဒီမှာတင်ပဲ အဆုံးသတ်သင့်တာပါ။ ဒါပေမဲ့ ဘုရားသခင်က အရှုံးမပေးခဲ့ဘူး။ ကျွန်ုပ်တို့ရဲ့ ကျရှုံးမှု၊ ဆုံးရှုံးမှု ဝန်ထုပ်ဝန်ပိုး တွေကို ကိုယ်တော်က ယူဆောင်ပေးခဲ့ပြီး အလဲအလှယ်အနေနဲ့ အသက်တာအသစ်ပေးခဲ့တယ် ကျွန်ုပ်တို့ရဲ့ အားနည်းချက်တွေကို ကျော်လွှား နိုင်တဲ့ နည်းလမ်းတစ်ခုကိုလည်း ပေးစွမ်းနိုင်ခဲ့ပါတယ်။ ကိုယ်တော့်ကြောင့်ပဲ ကျွန်ုပ်တို့က ဆုံးရှုံးမှုတွေရဲ့ တန်ဖိုးဖြတ်ခြင်း ကို မခံခဲ့ရပါဘူး။ ဘုရားသခင်က ဒါကို မပြီးဆုံး သေးဘူးလို့ ပြောတယ်။ ဘုရားရဲ့အထဲမှာ ကျွန်ုပ်တို့က ထာဝရအောင်ပွဲကို ရရှိတယ်။
JesusFilm