Often in life, we find that our enjoyment of and passion for something is fleeting. We chase after the next high. God offers lasting joy and contentment.

သင့်မေးခွန်းကို မေးပါ

ကျမ်းကိုးကားချက်များ

မျှဝေပါ
အခမဲ့ အရင်းအမြစ်များ

ကျမ်းစာကို ပိုနက်ရှိုင်းစွာ နားလည်ချင်ပါသလား?

ကျွန်ုပ်တို့၏ ကျမ်းစာလေ့လာမှုတွင် ပါဝင်ပါ

စာသားမှတ်တမ်း

Burmese (မြန်မာစာ)
ပထမဆုံးအကြိမ် အားကစားတစ်ခုခု ကစားဖူးခဲ့တဲ့အချိန်ကို စဉ်းစားကြည့်ပါ။ မျက်နှာပေါ် ကိုလေပြေတိုက်ခတ်သွားတဲ့ အထိအတွေ့၊ ဂိုးပိုက်ထဲကို ဘောလုံး လိမ့်ဝင်သွားတဲ့ အသံ၊ အောင်ပွဲရဲ့ အရသာကို သတိရကြည့်ပါ။ သွင်းချက်၊ ကန်ချက်၊ အမှတ်တိုင်းက သင့်ရဲ့ အတွင်းစိတ်မှာ တစ်စုံတစ်ခုကို လှုံ့ဆော်ပေးခဲ့တယ်။ ဒီလိုဝမ်းမြောက်မှုက လွှမ်းမိုးမှုကြီးလွန်း ပါတယ်။ အမှတ်တရတွေကို ပြန်တွေး ကြည့်တိုင်းမှာ သင်ခံစားမိနိုင်ပါတယ်။ ဒါကို သင်ကထာဝရတည်တံ့လိမ့်မယ်လို့ ထင်ခဲ့ပေမယ့်လည်း မတည်မြဲခဲ့ပါဘူး။ သင့်ရဲ့ပျော်ရွှင်မှုက ခဏတာသာ တည်တံ့နေခဲ့တာပါ သင့်ရဲ့မျက်လုံးထဲက တောက်ပမှု၊ နှလုံးသားထဲက အလင်းတန်း၊ ရင်ဘတ်ထဲက အသက်ရှူမဝမှု၊ ဒါတွေအားလုံး တဖြည်းဖြည်း ပျောက်ကွယ်သွားတာကို သင်ခံစားလာရတယ်။ ကစားပွဲအပေါ်ထားရှိခဲ့တဲ့ သင့်ရဲ့ ချစ်ခြင်းကလည်း လျော့ပါးလာပြီဖြစ်တယ်။ နှောင့်နေးမှု၊ ဒဏ်ရာ ၊ အရှုံးနဲ့ရင်ဆိုင်ရတဲ့အခါ ဒါတွေကို သင်ဘယ်လို ဆုပ်ကိုင်ထားနိုင်မလဲ။ ပျော်ရွှင်မှုနဲ့ အဆက်အသွယ်ပြတ်တောက်သွား တဲ့အခါ သင် အဲဒါကို ပြန်ရှာတွေ့ဖို့ မဖြစ်နိုင်ဘူးလို့ ထင်ရစေနိုင်ပါတယ်။ ဘဝမှာ ရှုံးနိမ့်မှုတွေ ကြုံတွေ့ရတဲ့အခါ... ပြန်ရုန်းထဖို့ ခွန်အားရှိပါသလား။ သင်ရှုံးနိမ့်သည်ဖြစ်စေ၊ အနိုင်ရသည်ဖြစ်စေ သင့်ရဲ့ဝမ်းမြောက်ခြင်းကို ပြန် လည်ရှာဖွေဖို့ ကူညီပေးလိုပြီး မေတ္တာပြည့်ဝတဲ့ ကယ်တင်ရှင်တစ်ပါးက သင့်ကို ဖန်ဆင်းခဲ့တာဖြစ်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို သိမြင်ပြီး သင်ခံစားနေရတဲ့ ဝေဒနာကို ကိုယ်တော် ကလည်း ခံစားခဲ့ရပြီးဖြစ်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို သိမြင်ပြီး သင်ခံစားနေရတဲ့ ဝေဒနာကို ကိုယ်တော် ကလည်း ခံစားခဲ့ရပြီးဖြစ်တယ်။ လက်ဝါးကပ်တိုင်ပေါ်က သူ့ရဲ့အောင်နိုင်ခြင်း က သင်ခံစားနေရတဲ့ ဝေဒနာဟာသင့် ဇာတ်လမ်းရဲ့ အဆုံးမဟုတ်ကြောင်းကို သေချာစေပါတယ်။ ကိုယ်တော်ကြောင့် ကျွန်ုပ်တို့ရဲ့ဇာတ်လမ်းအဆုံး က ထာဝရဝမ်းမြောက်ခြင်းပဲဖြစ်တယ်။ အနိုင်ရခြင်း ဒါမှမဟုတ် အားကစားသမား ကောင်းတစ်ဦးဖြစ်ခြင်းရဲ့ ဝမ်း မြောက်ခြင်းသာမက ပိုပါတယ်။ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ခြင်းက လုံခြုံစိတ်ချရတဲ့ အတွက်ကြောင့် ဘယ်လိုဆုံးရှုံးမှုကိုမဆို ရင်ဆိုင်ဖို့နဲ့ အောင်ပွဲတိုင်းကိုရင်ဆိုင်ဖို့ အတွင်းစိတ်ခွန်အားရှိစေပါတယ်။ ကျွန်ုပ်တို့က နေ့ရက်အချိန်တိုင်းမှာ ဝမ်း မြောက်မှုကို အပြည့်အဝ မခံစားရနိုင်ပါ။ ဒါပေမယ့် ဘယ်သူမှ မပေးစွမ်းနိုင်တဲ့ ဒီလောကနဲ့ ထာဝရရဲ့ ဝမ်းမြောက်ခြင်းကို သခင်ယေရှုအားဖြင့် ကျွန်ုပ်တို့ ရရှိနိုင်ပါတယ်။
JesusFilm