Loading video
Transcript
Burmese, Common
သူငယ်ချင်း သော်ဖိလု မင်းသိထားတဲ့အကြောင်းတွေက တကယ့်အဖြစ်အပျက်ဆိုတာပြနိုင်ဖို့သက်သေတွေကို
ငါသေသေချာချာရှာပြီးမှ မင်းဆီကို စာရေးလိုက်တာပါ။
ရောမနိုင်ငံရဲ့လက်အောက်ခံနိုင်ငံဖြစ်တဲ့ ဣသရေလနိုင်ငံမှာ ဟေရုဒ်မင်းအုပ်ချုပ်တုန်းက နာဇရက်မြို့မှာနေတဲ့
ယောသပ်လို့ခေါ်တဲ့လူတစ်ယောက်ရှိတယ်။ သူနဲ့လက်ထပ်ဖို့ စေ့စပ်ထားတဲ့မာရိဆိုတဲ့ အပျိုစစ်စစ်တစ်ယောက်လည်း ရှိတယ်။
သူ့ဆီကို ဘုရားသခင်က ဂါဗြေလဆိုတဲ့ကောင်းကင်တမန်တစ်ပါး လွှတ်လိုက်တယ်။
မာရိ မလန့်ပါနဲ့။ နင်က ဘုရားသခင်ချစ်တဲ့သမီးဆိုတာ သိလား။
နင်ကိုယ်ဝန်ဆောင်ပြီးတော့ သားတစ်ယောက် မွေးလိမ့်မယ်။ သူ့ကို ယေရှုလို့ နာမည်ပေးပါ။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ
ကျွန်မက အပျိုစစ်စစ်ပါ။
ဘုရားရဲ့သန့်ရှင်းတဲ့ ဝိညာဉ်တန်ခိုးကြောင့် သန့်ရှင်းတဲ့ကိုယ်ဝန်ကို မင်းဆောင်ရမှာပါ။
သူက အကြီးမြတ်ဆုံးဘုရားသခင်ရဲ့သားအဖြစ် တစ်လောကလုံးကို ထာဝရအုပ်စိုးလိမ့်မယ်။
အဲဒီနောက် အသက်ကြီးမှ ကိုယ်ဝန်ရှိနေတဲ့သူ့အမ ဧလိရှဗက်ဆီကို မာရိသွားလည်တယ်။
မမရေ
ဟယ်
ညီမလေး မာရိ
ညီမလေးက အမြတ်ဆုံးမိန်းမပဲ
ဗိုက်ထဲက ကလေးကလည်း မြင့်မြတ်လိုက်တာ
ညီမနှုတ်ဆက်လိုက်တဲ့အသံကို ကြားတော့
အမဗိုက်ထဲက ကလေးလေးကတောင် ပျော်ပြီးတော့ ကနေတယ်။
ကျွန်မရင်ထဲကရော အသည်းထဲကရော
ကယ်တင်ရှင် ဘုရားသခင်ကျေးဇူးကို ချီးမွမ်းပါတယ် မမရယ်။
နောက်တော့ တစ်လောကလုံးက ကျွန်မကို မိန်းမမြတ်လို့ ခေါ်ကြလိမ့်မယ်။
နာဇရက်မြို့သူမြို့သားတို့ အားလုံး သေချာနားထောင်ကြ။
ဆီဇာဘုရင်ကြီးရဲ့ အမိန့်တော်ပါတယ်။
တစ်နိုင်ငံလုံးမဖြစ်မနေ သန်းခေါင်စာရင်းသွင်းရမယ့်ကိစ္စရှိတယ်။ အဲ့ဒါကြောင့် လူတိုင်း ကိုယ့်ကိုမွေးတဲ့ဇာတိမြို့ကိုပြန်သွားပြီး စာရင်းသွင်းကြရမယ်။
အဲ့ဒါကြောင့် မာရိနဲ့သူ့ယောက်ျားယောသပ်တို့လည်း သူတို့ရဲ့မွေးဇာတိဗက်လင်မြို့ကို သွားကြရတာပေါ့။
ဗက်လင်မြို့ကိုရောက်တော့ ညအိပ်စရာနေရာမရှိလို့ နွားတင်းကုပ်မှာ အိပ်ကြရတယ်။
ညရောက်တော့ သိုးထိန်းတွေက သိုးထိန်းနေကြတုန်း
ကောင်းကင်တမန်တစ်ပါး အရောင်တွေပြိုးပြိုးပြက်ပြက်နဲ့ ဖြုန်းခနဲပေါ်လာလို့ အားလုံး လန့်သွားကြတာပေါ့။
မလန့်ကြပါနဲ့။ လူတိုင်းကို ကယ်တင်မယ့်ကယ်တင်ရှင်ကို ဗက်လင်မြို့မှာ မွေးပြီ။
သိုးထိန်းတွေကလည်း အဲဒီကလေးကိုမွေးထားတဲ့နွားတင်းကုပ်ကို မြန်မြန်သွားကြည့်ပြီး
ကယ်တင်ရှင်ယေရှု မွေးပြီဆိုတဲ့အကြောင်း တွေ့တဲ့လူတိုင်းကို ပြောပြကြတယ်။