Loading video
Transcript
Burmese, Common
တစ်နေ့ ယေရှု ဗိမာန်တော်ကြီးကိုလာတော့ သူဌေးတွေကပစ္စည်းတွေလှူနေကြတယ်။
အရမ်းဆင်းရဲတဲ့မုဆိုးမတစ်ယောက်လည်း
သူ့မှာရှိသမျှပိုက်ဆံအားလုံး လှူလိုက်တာကို ယေရှုတွေ့တယ်။
အမလေး နည်းလိုက်တာဟယ်။
ဟင်း နည်းနည်း ပိုပြီးမလှူနိုင်တော့ဘူးလား၊ မသိဘူး။
နားထောင်ကြစမ်း။
သူ့အလှူက မင်းတို့အလှူထက်သာတယ်။ ဘာဖြစ်လို့လဲသိလား။
မင်းတို့က မင်းတို့မှာရှိသမျှအားလုံးထဲက နည်းနည်းလေးပဲလှူကြတာ။
သူကတော့ သူ့ရှိသမျှအားလုံးကို လှူပစ်တာ။