Loading video
Transcript
Burmese, Common
ဘုရားသခင်က လူသားတွေကိုကယ်တင်ဖို့ ကယ်တင်ရှင်လွှတ်ပေးလိုက်မယ့်အကြောင်းကို
လွန်ခဲ့တဲ့နှစ်တော်တော်များများကတည်းက ကျမ်းစာထဲမှာ ရေးထားပါတယ်။
ယေရှုကိုကြည့်လိုက်ရင်လည်း ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင်အစစ်ဆိုတာ သိနိုင်ပါတယ်။
"အပျိုစစ်စစ်တစ်ယောက်က အဲဒီကယ်တင်ရှင်ကို ကိုယ်ဝန်ဆောင်ရမယ်" ဆိုတာလည်း တကယ်ဖြစ်လာခဲ့တယ်။
မာရိလို့ခေါ်တဲ့အပျိုစစ်စစ်တစ်ယောက်က ဘုရားသခင်ရဲ့တန်ခိုးတော်ကြောင့် ယေရှကိုမွေးဖွားလာခဲ့တယ်။
အပျိုစစ်စစ်က သားတစ်ယောက်ကိုမွေးပြီဆိုတဲ့အဓိပ္ပာယ်က
ဘုရားသခင်လွှတ်လိုက်တဲ့ကယ်တင်ရှင် ရောက်ပြီဆိုတဲ့အံ့ဩဖွယ်ရာနိမိတ် လက္ခဏာပါပဲ။
ယေရှုကိုတွေ့လိုက်တာနဲ့ ဘုရားသခင်ဆိုတာ ဘယ်လိုဘုရားမျိုးလဲ၊ ဘယ်လောက်တန်ခိုးကြီးလဲဆိုတာ သိနိုင်ပါတယ်။
လူသားတွေရဲ့ရောဂါတွေကို ပျောက်ကင်းဖို့တော့ သူ့တန်ခိုးနဲ့ပဲအဆင်ပြေပေမယ့် ထာဝရအသက်ပေးဖို့တော့ သူ့အသက်ကိုပါစတေးပေးရတယ်။
အစတေးခံခဲ့ပေမယ့် ယေရှုရဲ့တန်ခိုးက သေမင်းရဲ့ တန်ခိုးထက်ပိုကြီးလို့ (၃)ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်ခဲ့တယ်
ငါ့အသက်ကို ပေးလည်းပေးနိုင်တယ် ပြန်လည်း ယူနိုင်တဲ့တန်ခိုး ငါ့မှာ ရှိတယ်လို့ ယေရှုက ပြောခဲ့သေးတယ်
ယေရှုရဲ့ဘဝဇာတ်ကြောင်းက ဘုရားသခင်ကြိုပြောထားတဲ့ကယ်တင်ရှင်ရဲ့ဘဝဇာတ်ကြောင်းအတိုင်းဖြစ်နေတယ်။
ဘုရားသခင်ကို မျက်စိနဲ့မမြင်ရပါဘူး။ ဒါပေမယ့် မျက်စိနဲ့မြင်ရတဲ့ယေရှုကိုကြည့်ရင်တော့ ဘုရားသခင်ကိုတွေ့တာနဲ့အတူတူပါပဲ။
ယေရှုစကားကိုကြားရင်လည်း ဘုရားသခင်စကားကိုကြားတာနဲ့အတူတူပါပဲ။
ကမ္ဘာဦးတုန်းက ဘုရားသခင်က သူနဲ့အတူ လောကကြီးကိုထာဝရအုပ်စိုးဖို့ အာဒံနဲ့ဧဝကိုဖန်ဆင်းခဲ့တယ်။
ဒါပမယ့် သူတို့က ဘုရားသခင်စကားကို နားမထောင်လို့ ဘုရားသခင်ဆီက ထွက်သွားလိုက်ရတယ်။
အာဒံတို့က ဘုရားသခင်စကားကို နားမထောင်လို့ သူ့တို့ရဲ့သွေးသားဖြစ်တဲ့လူအားလုံးလည်း အလိုလိုအပြစ်ရှိသွားကြတယ်။
ဘုရားသခင်နဲ့လည်း ဝေးကြရတယ်။ သေခြင်းနဲ့လည်း တွေ့ကြရတယ်။
အာဗြဟံရဲ့သားသေရမယ့်အစား သေပေးဖို့ ဘုရားသခင်က သိုးတစ်ကောင်ပေးခဲ့သလို
လူသားအားလုံးသေရမယ့်အစား သေပေးဖို့ ဘုရားသခင်က ယေရှကို ပေးခဲ့ပါတယ်။
ယေရှုဟာ လူသားတွေရဲ့အပြစ်ကြောင့် လက်ဝါးကားတိုင်မှာ အသေခံတယ်၊ သင်္ဂြိုလ်တယ်၊ ရှင်ပြန်ထမြောက်တယ်ဆိုတာကို
ယုံကြည်လက်ခံတဲ့လူတိုင်း အပြစ်မရှိတော့လို့ အပြစ်ကြောင့်သွားရမယ့်ငရဲကိုလည်း
သွားစရာမလိုတော့ဘဲ ဘုရားသခင်ဆီကို သွားနိုင်ပါတယ်။
အဲ့ဒီမှာ ဘုရားသခင်နဲ့လည်း ပြန်တွေ့ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့လည်း ထာဝရအသက်ရှင်သွားနိုင်မယ်။
ယေရှုက "နောင်တရရင် ဘုရားသခင်က ခွင့်လွှတ်ပေးမယ့်အကြောင်းတွေရယ်၊ မင်းတို့ သိထားသမျှ
ငါ့အကြောင်းတွေရယ် တစ်လောကလုံးကိုသွားပြီး ပြောပြဖို့ပဲ ကျန်တော့တယ်။ ဒါပေမယ့် ခဏစောင့်ဦး မသွားနဲ့ဦး။
ဘုရားသခင်ဆီက တန်ခိုးမရခင်တော့ မသွားကြနဲ့ဦး။ အဲဒီတန်ခိုးရပြီးတော့မှသွား။" လို့ သူ့တပည့်တွေကို ပြောတယ်။
မိန်းမပျက်တစ်ယောက်က နောင်တရပြီး ယေရှုရဲ့တပည့်ဖြစ်သွားတယ်။
ယေရှုကလည်း သူ့ရဲ့ယုံကြည်မှုကိုမြင်တော့ သူ့အပြစ်တွေကို ခွင့်လွှတ်ပေးလိုက်တယ်။
ဘယ်လိုလူပဲဖြစ်ဖြစ် နောင်တရပြီး ယေရှုကို ကယ်တင်ရှင်လို့ယုံရင်၊ ယေရှုကို လက်ခံရင်၊
ယေရှုရဲ့တပည့်ဖြစ်သွားပြီး ကယ်တင်ခြင်းခံရမယ်။ ယေရှုမှာ အဲဒီလိုကယ်နိုင်တဲ့တန်ခိုး ရှိတယ်။
ဘုရားသခင်ရဲ့သားသမီးအဖြစ် ရွေးချယ်ခံထားရတဲ့သူတွေက ဒီလိုလွယ်လွယ်လေးပဲ ဆုတောင်းတတ်ကြတယ်။
အပြစ်ကြောင့် ငရဲသွားရတော့မယ့်နတ်ဆိုးရဲ့သားသမီးဖြစ်တဲ့ကျွန်တော်
ကျွန်မတို့ကို ဘုရားသခင်ကချစ်ပြီး သူ့ရဲ့သား၊ သမီးအဖြစ် ကယ်တင်လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။
အပြစ်ကြောင့် အပြစ်ပေးခံရတော့မယ့်ကျွန်တော်တို့၊ ကျွန်မတို့အစား
အပြစ်ကင်းတဲ့ယေရှုက လက်ဝါးကားတိုင်ပေါ်မှာ အစတေးခံပေးခဲ့၊ အသက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
ယေရှုသေဆုံးသွားပြီး အသက်ပြန်ရှင်လာတာကိုလည်း ယုံကြည်ပါတယ်။ လက်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့၊ ကျွန်မတို့အပေါ်မှာထားတဲ့ ယေရှုရဲ့ချစ်ခြင်းမေတ္တာက ကြီးမားလှပါတယ်။
ဘုရားသခင်ကလည်း ကျွန်တော်တို့၊ ကျွန်မတို့ကို ထာဝရသား၊ သမီးတွေဖြစ်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်။
လမ်းမှားတတ်တဲ့သားတို့၊ သမီးတို့ကို လမ်းမှန်ရောက်အောင် လမ်းပြပေးပါ။
ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်းအသက်ရှင်ဖို့ သားတို့၊ သမီးတို့ကို သွန်သင်၊ ဆုံးမပေးပါ။
ကမ္ဘာအဆက်ဆက် ဘုရားသခင်ဘုန်းကြီးပါစေ။ အာမင်။
ယေရှုက "ငါ့သိုးတွေအကြောင်း ငါကောင်းကောင်းသိတယ်။ သူတို့က ငါ့စကားကို နားထောင်ပြီး ငါ့နောက်ကိုလိုက်ကြတယ်" လို့ ပြောတယ်။
အဲဒီသိုးတွေလိုပဲယေရှုရဲ့တပည့်တွေကယေရှုကိုချစ်လို့ သူနဲ့နေ့တိုင်းတွေ့ကြတယ်။စကားပြောကြတယ်။
ယေရှုပြောတဲ့စကားတွေကိုလေ့လာသင်ယူမှတ်သားကြတယ် လိုက်နာကြတယ်
ပြီးတော့သူတို့ရဲ့မိတ်ဆွေသူငယ်ချင်းတွေကိုချစ်လို့ သူတို့သိသမျှယေရှုအကြောင်းအားလုံးပြန်ပြောပြကြတယ်။
ယေရှုကလည်းကူညီလမ်းပြပေးဖို့ သန့်ရှင်းတဲ့၀ိညာဥ်တော် ကိုလည်း သူတို့ရဲ့နှလုံးသားတွေထဲမှာထည့်ပေးလိုက်တယ်။
ယေရှုအသက်ပြန်ရှင်ပြီးကောင်းကင်ဘုံမှာရှိတဲ့ ဘုရားသခင်ဆီကိုပြန်တက်တော့မယ့်အချိန်မှာဒီလိုပြောခဲ့တယ်။
စကြဝဠာကြီးတခုလုံးကိုအုပ်ချုပ်နိုင်တဲ့အခွင့်အာဏာငါရပြီ
ငါကလည်း မင်းတို့နဲ့အတူ အမြဲတမ်း ရှိနေမယ်ဆိုတာ မှတ်ထားလိုက်။