Loading video
Transcript
Burmese, Common
ဘယ်သူမှ မီးကို မအုပ်ထားဘူး။
ကုတင်အောက်မှာလည်း မထားတတ်ဘူး။
မြင်နိုင်တဲ့နေရာမှာထားမှ
အားလုံးကို မြင်ရမှာပေါ့။
ဝှက်ထားတာတွေရော၊ ဖုံးကွယ်ထားတာတွေရောအားလုံး အလင်းကြောင့် ပေါ်လာကြလိမ့်မယ်။
ဘုရားသခင်စကားကို သေသေချာချာနားထောင်ကြ။
ဘုရားစကားကိုကြားပြီးလက်ခံတဲ့လူက ထပ်ကြားရလိမ့်ဦးမယ်၊
လက်ခံဟန်ဆောင်တဲ့လူကတော့
ရပြီးသားလေးတောင်မှ ပြန်ပျောက်သွားလိမ့်ဦးမယ်။
ဆရာနဲ့တွေ့ဖို့
ဆရာ့အမေနဲ့ညီတွေ အပြင်မှာ
စောင့်နေကြတယ်။
ငါ့အတွက်ကတော့ ဘုရားသခင်စကားနားထောင်တဲ့လူတိုင်းက
ငါ့မိသားစုပဲ။